Game Buffalo

Game Buffalo (ဂိမ်းကျွဲ)

Privacy Policy & User Data Protection

မင်္ဂလာပါ။ Game Buffalo ကို အားပေးကစားနေတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဂိမ်းကို ဖန်တီးတဲ့အခါမှာ "ကစားရတာ ပျော်ဖို့" နဲ့ "စိတ်ချလက်ချ ကစားနိုင်ဖို့" ကို အဓိကထားပါတယ်။

ဒါကြောင့် ကစားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုအပ်တာထက် ပိုမယူထားပါဘူး။ ဘယ်အရာတွေ ယူထားလဲ၊ ဘာကြောင့်ယူထားလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ရှင်းပြပေးချင်ပါတယ်။

၁။ ဘယ်အချက်အလက်တွေ ကောက်ယူထားလဲ?

ဂိမ်းကစားဖို့အတွက် အောက်ပါ အချက်အလက် (၃) ခုတည်းကိုပဲ ကျွန်တော်တို့ သိမ်းဆည်းထားပါတယ်။

Device ID (ဖုန်းရဲ့ ID)
ဒါက မိတ်ဆွေ ဘယ်ဖုန်းနဲ့ ကစားနေလဲဆိုတာ သိဖို့ပါ။ အဓိကကတော့ ဂိမ်းရမှတ် (Score) တွေ ပျောက်မသွားအောင် ဖုန်းတစ်လုံးချင်းစီအလိုက် မှတ်ထားပေးဖို့အတွက်ပဲ သုံးတာပါ။
Name (အမည်)
Leaderboard (အမှတ်အများဆုံးစာရင်း) မှာ ကိုယ့်နာမည်လေးနဲ့ ကြွားလို့ရအောင် မိတ်ဆွေကိုယ်တိုင် ဖြည့်ပေးထားတဲ့ နာမည်ကိုပဲ သိမ်းထားတာပါ။
Game Data (ကစားပွဲမှတ်တမ်း)
ရမှတ်ဘယ်လောက်ရလဲ၊ ဘယ်အချိန်ကစားလဲ ဆိုတဲ့ ဂိမ်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။
၂။ ရယူထားတဲ့ ဒေတာတွေကို ဘာလုပ်မှာလဲ?

ရိုးရှင်းပါတယ်။ ဂိမ်းကစားလို့ကောင်းအောင်ပဲ သုံးမှာပါ။

ကတိပြုချက် - မိတ်ဆွေတို့ရဲ့ အချက်အလက်တွေကို ပြင်ပအဖွဲ့အစည်း၊ ကြော်ငြာကုမ္ပဏီတွေကို ရောင်းချခြင်း၊ မျှဝေခြင်း လုံးဝ (လုံးဝ) မလုပ်ပါဘူး။

၃။ လုံခြုံရေးအတွက် ဘာတွေသုံးထားလဲ?

Data တွေ သိမ်းဆည်းဖို့အတွက် ကမ္ဘာကျော် Google Firebase နဲ့ ကိုယ်ပိုင် Secure Server ကို အသုံးပြုထားတဲ့အတွက် လုံခြုံရေးပိုင်းကို ၁၀၀% စိတ်ချလို့ရပါတယ်။

၄။ ဒေတာပြန်ဖျက်ချင်ရင်?

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ အချက်အလက်တွေကို System ထဲကနေ အပြီးတိုင် ဖျက်သိမ်းချင်တယ်ဆိုရင် ဂိမ်းထဲက "ဆက်သွယ်ရန်" ခလုတ်ကနေတဆင့် အချိန်မရွေး လှမ်းပြောလို့ရပါတယ်။ ကျွန်တော်တို့ဘက်က ချက်ချင်း ဆောင်ရွက်ပေးပါမယ်။